ကလေး ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပြည်သူ့အဌားအိမ်ယာအိတ်စွပ် အထူးကြတ်မတ်ကုသ ဆောင်တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိကြသူများမှာ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်နယ်မြေ(၅)မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၁) ဦး၊ တောင်ဇလပ်ရပ်ကွက်နယ်မြေ (၁) မှ အမျိုးသား (၁) ဦး၊ လှိုင်သာယာ ရပ်ကွက်နယ်မြေ (၃) မှ အမျိုးသမီး(၁)ဦး၊ တပ်ဦး သီတာရပ်ကွက်နယ်မြေ(၂)မှ အမျိုးသမီး (၂)ဦး၊ ကလေးဝမြို့ အောင်ချမ်းသာရပ်ကွက်မှ အမျိုးသား(၁)ဦးတို့ဖြစ်ကြပြီး သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ တိကျ လိုက်နာစေရန် မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ (၅၃) ဦး ကျန်ရှိနေပြီး တိုင်းရင်း ဆေးရုံနှင့် ပြည်သူ့အဌားအိမ်ယာအိတ်စွပ်ရှိ အထူးကြတ်မတ် ကုသဆောင်တို့တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)