ဟုမ္မလင်းမြို့နယ်၊ မာလုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မာလုံကျေး ရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင် သစ်ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အဆိုပါ ကျောင်းဆောင်ရှေ့၌ ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ မြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းနွယ်၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေဇာမျိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းနွယ်က ပညာရေးကဏ္ဍများနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီး၊ ယာယီအုပ်ချုပ်ရေးမှူး ဦးမင်းဝေက ကျောင်းဆောင်သစ်ဆောက် လုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ဆက်လျက်၍  ကျောင်းကော်မတီ ဥက္ကဋ္ဌ ဦးရှမ်းတင်က ခရေကျောင်းဆောင်သစ်နှင့် ပတ်သတ် သော စာရွက်စာတမ်းများကို ပညာရေးဌာနသို့ လွဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးက လက်ခံပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူများက ပေးအပ် လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်ကို ကိုယ်ထူးကိုယ်ထတည်ဆောက်ခဲ့ပြီးကျောင်းဆောင်၏ အလျား (၁၂၀)ပေ၊ အနံ(၃၀) ပေ၊ အမြင့် (၂၄) ပေ၊စုစုပေါင်းခန့်မှန်းကုန်ကျငွေ သိန်း(၁၀၀၀) ကျော်ခန့် ကုန်ကြခဲ့ကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)