ပြင်စလူ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့ တွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်းသံဃာတော်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ယနေ့ နံနက် (၁၀)နာရီ အချိန်မှ စတင်၍ ဒုတိယ အကြိမ်၊ဒုတိယနေ့၌ ဆေးထိုးစုရပ်ဖြစ်သည့် ပြင်စလူမြို့ ၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမတွင်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်း လုပ်ငန်း များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိရာ ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကူညီဆောင် ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ထိုးနှံပေးသည့် ကိုဗစ်ရောဂါကာကွယ်ဆေးမှာ အသက်(၁၈) နှစ်နှင့်အထက် ရဟန်း သံဃာတော်များ၊ဒေသခံ ရပ်ကွက်၊ကျေးရွာအုပ်စုများမှပြည်သူ စုစုပေါင်းလူဦးရေ (၁၀၇၁)ဦးအတွက် ဒုတိယနေ့ ဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး ကျေးရွာအုပ်စုများရှိဒေသခံပြည်သူများကို ဦးစားပေး ထိုးနှံပေးလျက်ရှိသည်။
ပြင်စလူမြို့သည် ရေလမ်းတစ်ခုထဲကိုသာ အားကိုး၍သွားလာရသောဒေသဖြစ်ခြင်းကြောင့် အချို့ကျေးရွာများမှဒေသခံပြည်သူများကို စောင့်ဆိုင်း၍ ထိုးနှံပေးလျက်ရှိသည်။
ဇော်ဝင်းထွန်း