ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကျင်းပ

ဘားအံ   ဒီဇင်ဘာ  ၂၆

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူ ဒေါ်စိုးစိုးအေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး မြို့နယ်စစ်တုရင်ဆပ်ကော်မတီအတွင်း ရေးမှူး အမ်ဘရန်မိုင်က ပြိုင်ပွဲ၏ စည်းမျည်းစည်းကမ်းများကိုရှင်းလင်း ပြောကြားခဲ့သည်။ စစ်တုရင်ပြိုင်ပွဲတွင် အသက်(၁၈)နှစ်အောက် ပြိုင်ပွဲဝင်အားကစားသမား (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

ခရိုင်