ပန်းတနော်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်

ပန်းတနော်  ဒီဇင်ဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်စည်ပင်သာယာ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့  နံနက် (၁၀)နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့် စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးသိန်းဝင်း မြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့တို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်၍ လက်တွေ့သရုပ်ပြသကာ အသိပညာပေး ဆောင်ရွက်ခဲ့ရာ ဈေးသူ/သားများနှင့် ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အလေးထား လိုက်နာ ဆောင်ရွက်စေရန်နှင့် မီးပေါ့ဆစွာသုံးစွဲခြင်းမှ ရှောင်ကြဉ်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။