ဒေးဒရဲ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ယမန်နေ့ နေ့လည်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များပြသရာတွင် ဂန္တဝင်စာပေများ၊ လစဥ် အသစ်ရောက်ရှိသည့် သုတ၊ ရသ စာပေများ နှင့် လူကုန်ကူးမှု ကျူးလွန်သူများ ပြုလုပ်သည့် အဆင့်(၄)ဆင့် ဖော်ပြချက်၊ လူကုန်ကူးသူကခေါင်းပုံဖြတ်ချင်းများ၊ လူကုန်ကူးခံရပါက ထိခိုက်စေနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော မျက်မှောက်သံသရာ ဆိုးကျိုးများ ၊ လူကုန်ကူးခံရပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများ အကြောင်း သိကောင်းစရာများကို မှတ်တမ်းဓာတ်ပုံများဖြင့် အများပြည်သူ့လေ့လာဖတ်ရှုနိုင်ရေး ခင်းကျင်းပြသထားကြောင်း သိရသည်။
အေဇာလင်း