နောင်ချိုမြို့နယ်၌ သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ အလှူငွေနှင့်နေ့လယ်စာထမင်းအာဟာရလှူဒါန်း

နောင်ချို     ဒီဇင်ဘာ    ၂၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းသို့ ယမန်နေ့ နံနက်ပိုင်းတွင် အလှူငွေနှင့် နေ့လယ်စာ ထမင်းအာဟာရများကို အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

လှုဒါန်းရာတွင်နောင်ချိုမြိုနယ် သပြေဝန်းကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိုးမိုး+ဒေါ်လှလှစိုးမိုး မိသားစုမှ အလှူငွေ ကျပ် (၁)သိန်းကိုလည်းကောင်း၊ နောင်ချိုမြို့နယ်  အင်းဝိုင်းသကြားစက်မှ ဦးဇော်ဇော်+ဒေါ်ဖြူမာမြင့်  မိသားစုမှ နေ့လယ်စာ ထမင်းအာဟာရကိုလည်းကောင်း၊ အသီးသီးမှ လှူဒါန်းခဲ့ကြရာ သဖန်းကိုင်း ပရဟိတ ဆရာတော်မှ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။         

သဖန်းကိုင်းပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေးကိစ္စများကို ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတို့၏အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံသမားတော်(၁)ဦး၊ ဆရာဝန်(၁)ဦး၊  သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ် အတွင်း အောက်ဆီဂျင်လို အပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်း များအပြင် အခြားကျန်းမာရေး ကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းထံမှသိရသည်။

ထွေးငယ်