သရက် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)ကျောင်း၌ ကျောင်းပြန်လည်ဖွံ့လှစ်နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊နှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်) ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများက ကျောင်းဝန်းကျင်အတွင်းရှိ စာသင် ကျောင်းဆောင်များနှင့် ကျောင်းပတ်ဝန်းကျင်အဆောင်များ ပတ်ဝန်းကျင်ရှိ ချုံနွယ်အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်းကို ဌာနဆိုင်ရာဝန်ထမ်း အင်အား(၂၆၀)ခန့်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇော်ထက်