ကောလင်းမြို့နယ်တွင် ပလပ်စတစ်ခြင်းရက်လုပ်ခြင်း သင်တန်းဖွင့်

ကောလင်း ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် လွယ်မောက်တောင်ကျေးရွာတွင် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းယက်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်ဦးက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှသည် စီးပွားဖြစ်လုပ်ဆောင်နိုင်ကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်၍ ပလပ်စတစ်ခြင်းယက်လုပ်ခြင်း သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြဆရာမနှင့် သင်တန်းသူ/သားများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဒေါ်ခင်မီမီအောင်မှ သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့သည်။

သင်တန်းသို့ ခရိုင်ဦးစီးမှူး၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ ၊ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ဇင်မာဝင်း၊  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ သင်တန်းသူ သင်တန်း သား များ တက်ရောက်ခဲ့ကြပြီး  သင်တန်းအား ၁၅ ရက်ကြာဖွင့်လှစ်ပို့ချပေးမှာဖြစ်ပြီး သင်တန်းသား/သူ ၂၀ ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)