မြို့သစ် ဇန်နဝါရီ ၁၉
မကွေးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စည်ပင်သာယာစျေးနှင့် ယာယီပျံကျစျေးတို့ တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ပြည်တွင်း ကူဆက်မှု များပြားလာသောကြောင့် ပြည်သူအားလုံးက သတ်မှတ်စည်းကမ်းချက် များနှင့် အညီလိုက်နာခြင်းဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ် စည်ပင် သာယာရေးဦးစီးဌာနနှင့် မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေကာ တပ်ဆင်စေပြီး ပြည်သူ များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)