ကလေးဝ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ Steel Structure အမျိုးအစား မိုးလုံ လေလုံ အားကစားရုံ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ မိုးလုံ လေလုံ အားကစားရုံအား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်က ကလေးဝမြို့နယ် အတွက် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။
၎င်း မိုးလုံ လေလုံ အားကစားရုံကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွတ် ရန်ပုံငွေ ကျပ် (၁၉၈) သန်း ဖြင့် ကလေးဝမြို့နယ် အားကစားရုံ တည်ဆောက် ရေးကော်မတီက အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ Steel Structure အမျိုးအစား မိုးလုံ လေလုံ အား ကစားရုံ အဆောက်အဦကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)