ဖြူး ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းကို အလေးထား၍ ဆောင်ရွက်ကြရန် နေ့စဉ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လူအများ သွားလာရာ နေရာများဖြစ်သော မြို့မဈေး အတွင်းနှင့် မြို့လယ် ပဲခူးလမ်းမကြီးပေါ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နှာခေါင်းစည်း (mask) တပ်ဆင် သွားလာမှု ရှိ/မရှိကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရ သည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ၊ ဈေးဝယ်သူများအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့်အညီ နှာခေါင်း စည်း (mask) များ တပ်ဆင်ကြရန် တစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင် သမျှ ခပ်ခွာခွာနေ၍ အရောင်းအဝယ်ပြုကြရန်တို့ကို အသိပညာပေးခြင်း၊ မြို့လယ်ပဲခူးလမ်းမကြီးပေါ် တွင် သွားလာ နေသော အများပြည်သူများ စက်ဘီး၊ ဆိုင်ကယ်၊ အနှေးယာဉ်၊ မော်တော်ယာဉ်များ ပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်း စည်း (mask) တပ်ဆင်လာခြင်း ရှိ/မရှိ ကြပ်မတ် စစ်ဆေးခြင်း၊ တပ်ဆင်လာခြင်း မရှိသူများအား နှာခေါင်းစည်း(mask) ကို ချက်ချင်း ဝယ်၊ ချက်ချင်းတပ်ဆင်စေ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာ ကြရန် အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့ (၁)ခေါင်းဆောင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြတ်မင်းမောင်ထံမှ သိရသည်။
မနွယ်(ဖြူး)