ချောင်းဆုံ ဇန်နဝါရီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အများပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကျရောက် လာပါကလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လေ့ကျင့်မှုများဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ကျရောက် လာပါက လုပ်ငန်းများလျင်မြန်စွာဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်မှဦးစီးပြီး တပ်ဖွဲ့ဝင် များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များအတွက် ကြိုတင်လေ့ကျင့်မှုများ သင်ကြားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)