ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးအတွက် Mask & Face Shield Yellow Campaign ပြုလုပ်

ကြည့်မြင်တိုင်  ဇန်နဝါရီ ၁၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာတွင် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးတွင် ယမန်​နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုပြင်​ပြောင်းလဲ ဆက်သွယ် ပညာပေး လူထုလှုပ်ရှားမှု (Mask & Face Shield Yellow Campaign) ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းအဖြစ် ဈေးအတွင်း ရောင်းသူဝယ်သူနှင့် လမ်းများတွင် သွားလာ သူများအား (mask & face shield) များ၊ ပညာပေးလက်ကမ်းစာ​စောင်များ၊ ပြက္ခဒိန်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့် ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ​ဆောင်ရွက်မှုတွင် မြို့နယ်အတွင်းရှိ လွှတ်​တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာ​ရေးဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များမှ ပူး​ပေါင်း၍ mask and face shield များ၊ ပညာပေးလက်ကမ်းစာ​စောင်များ၊ ပြက္ခဒိန်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့်ရောဂါ ကာကွယ်ရေးဆိုင်ရာအချက်များ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်အသိပေးရန် လိုအပ်ပါသဖြင့် အဆိုပါလုပ်ငန်းစဉ်အား ရက်အပိုင်းအခြားအလိုက် ဆောင်ရွက်ခဲ့ပြီး ထပ်မံ၍ တိုးမြှင့်ကာ မြို့နယ် အတွင်း ပြည်သူသွားလာရာနေရာများ၊ ဈေးများ၊ ရပ်ကွက်လမ်းဆုံနေရာများ၊ အနောက်ဘက်ခြမ်း ရှိ ဈေးနှင့်ရပ်ကွက်များတွင် ရက်အပိုင်းအခြားအလိုက် ထပ်မံ၍​ ဆောင်ရွက် သွားမည် ဖြစ်​ကြောင်း သိရှိရ သည်။

ခိုင်ဇာလင်း (ပြန်/ဆက်)