၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ခင်းကျင်း ဆောင်ရွက်ထားသော လမ်းများအား ကွင်းဆင်းတိုင်းတာစစ်ဆေး

ဘုရားသုံးဆူ ဇန်နဝါရီ ၂၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့ပေါ်ရပ်ကွက်များတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက်ထား သော ကွန်ကရစ်လမ်းများအား သတ်မှတ်ထားသောအရည်အသွေး ပြည့်မီမှု ရှိမရှိစစ်​ဆေးခြင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် စာရင်းစစ်ဆေးရေးအဖွဲ့မှ ယ​နေ့ နံနက်၁၀နာရီအချိန်၌ တိုင်းတာ စစ်ဆေး ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်မှုအား ကြာအင်းဆိပ်ကြီးမြို့နယ် စာရင်းစစ်ဆေးရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်အေးမြင့်နှင့် အဖွဲ့ဝင်များ၊ ဘုရားသုံးဆူမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်ကွက်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ ဖြင့် ရပ်ကွက်(၄)ရှိ ခင်းကျင်း ဆောင်ရွက်ပြီးသော လမ်းများအား သတ်မှတ် အတိုင်းအတာရှိမရှိ အရှည်ပေ တိုင်းတာခြင်း၊ အကျယ်တိုင်းတာခြင်းနှင့်ထုတိုင်းတာခြင်းတို့အား စနစ်တကျ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အောင်သူဟိန်း