ရေဇွာမြို့၌ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအသစ်ပြန်လည်ရွေးချယ်နိုင်ရေးရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆိုင်ရာ(နည်းဥပဒေ)များအသိပညာပေးရှင်းလင်းဆွေးနွေး

ရေဇွာ      ဇန်နဝါရီ      ၂၀

ချင်းပြည်နယ်၊ ရေဇွာမြို့၌ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်မှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်သို့မဟုတ ်ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးဆိုင်ရာ နည်းဥပဒေများ အသိပညာပေးရှင်းလင်းပွဲ  အခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီက ရေဇွာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ကျေးရွာအုပ်စု (၄)အုပ်စုမှစာရေးဝန်ထမ်း များနှင့်အုပ်ချုပ်ရေးမှူးများ တက်ရောက်လာခဲ့ကြသည်။

ထို့နောက်မြို့အုပ်ချုပ်ရေးမှူး ဦးထင်လင်းကရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေများ နှင့်အညီ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် ကျေးရွာ တာဝန်ခံများ ရွေးချယ်နိုင်ရန် အတွက်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေများကို (Power Point)ဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက မိမိသိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးထင်လင်းက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်းသိသည်။

ဟုန်းအွမ်(ပြန်/ဆက်)