မန္တလေး၊ ဇန်နဝါရီ ၂၀
မဟာအောင်မြေမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရပ်ကွက်အုပ်ချုပ် ရေးမှူး များ ရွေးချယ်ခြင်းလုပ်ငန်းများကို ရပ်ကွက်များအလိုက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိ ရပ်ဖများအား သိရှိစေရန် ယမန်နေ့ ညနေပိုင်းမှစတင်ကာ ကွင်းဆင်းအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းများ သိရှိနိုင်စေရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ညနေ (၃)နာရီတွင် သံလျှက်မှော်အ နောက်ရပ်ကွက်၊ သံလျှက်မှော်အရှေ့ရပ်ကွက်တို့ကိုလည်းကောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုးက ညနေ(၃)နာရီတွင် ရဲမွန်တောင်ရပ်ကွက်၊ ညနေ (၄)နာရီတွင် မဟာမြိုင် (၂)ရပ်ကွက် တို့ကွင်းဆင်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းပဒေများကို အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိ ရပ်ဖများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ဖြေကြားခဲ့သည်။
မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက် (၁၈)ရပ်ကွက်ရှိပြီး ကြီးကြပ်ရေးအဖွဲ့ကို မြို့နယ်အဆင့် ဌာနဆိုင်ရာ များဖြင့် (၆)ဖွဲ့ ဖွဲ့စည်းကာ တစ်ဖွဲ့လျှင် (၃)ရပ်ကွက်ဖြင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ နည်းဥပဒေများအတိုင်း ယခု ဇန်နဝါရီလ (၂၄)ရက်နေ့မှ စတင်ပြီး မတ်လအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်