တီးတိန် ဇန်နဝါရီ ၂၀
ချင်းပြည်နယ်၊တီးတိန်မြို့၌ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တီးတိန်မြို့ နယ်အတွင်း မီးဘေးလုံခြုံမှုရှိစေရန်ရည်ရွယ်၍ အသိပေး လှည့်လည်ဆော်သြခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေပုဒ်မ(၁၆)၊ ပုဒ်မခွဲ (က)အရ မြို့/ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်း နေထိုင်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ကြရန် အသိပေးလှည့်လည် ဆော်သြခဲ့ကြောင်း တီးတိန်မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်စီးမှူး ဦးထန်လမ့်မန်ထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)