ဖြူးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်သင်တန်းဖွင့်

ဖြူး ဇန်နဝါရီ ၂၁

ဖြူးမြို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက် အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သင်တန်းအား ဦးကြူးစုကျေးရွာ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်မှ တက်ရောက်အမှာစကား ပြောကြားကာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် သင်တန်း သား(၃၀)ဦး တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးအကြောင်းများ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဖြူးမြို့နယ်အတွင်း၌ အဆိုပါစိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ သင်တန်းအား ညောင်ကားယား ကျေးရွာအုပ်စု ဦးကြူးစု ကျေးရွာ ၌ (၄)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဖြူး(ပြန်/ဆက်)