တီးတိန် ဇန်နဝါရီ ၂၀
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က လူမှုဝန်ထမ်း ဦးစီးဌာနက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများကို မေးမြန်းဆွေးနွေးရာ တီးတိန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်း က မသန်စွမ်းသူများ၏အခွင့်ရေးများ၊ မသန်စွမ်းသူနှင့် မသန်စွမ်းမှုများ၊ မသန်စွမ်းအမျိုးအစားတွင် ကိုယ် အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း ၊အကြားအာရုံ မသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း ဟူ၍ (၄)မျိုးရှိကြောင်း၊ မသန်စွမ်း ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ၊ မသန်စွမ်းသူများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်တွင် ပြဌာန်း ချက်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းကျောင်းများဖွင့်လှစ်ပြီး အသိပညာ ပေးလုပ်ငန်းဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေးနှင့်ပြန် လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)