အောင်လံမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကျင်းပ

အောင်လံ  ဒီဇင်ဘာ  ၂၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ()နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်း က ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန် ရည်ရွယ်၍ ပြိုင်ပွဲ၊ ပြပွဲများကို ကျင်းပဆောင်ရွက်ခြင်းကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး အကဲဖြတ်အမှတ်ပေးဒိုင် အဖွဲ့ဝင် ဆရာကြီးဦးသန်းထွန်း က အမှတ်ပေး စည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများက မိမိတို့ပြောကြားမည့် ပုံပြင်ခေါင်းစဉ်အလိုက် တစ်ဦးချင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားဖြင့် ဆုများပေးအပ်သွားမည် ဖြစ်ပါသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ပြီး ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/သူများက ခင်ကျင်းပြသထားသော စာအုပ်စာစောင်များကို ကြည့်ရှူခဲ့ကြောင်း သိရသည်။

မျိုးသိန်း