ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ချောင်းကောက်ကျေးရွာတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ချောင်းကောက် ကျေးရွာရှိ ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ကျေးရွာသူ၊ ကျောင်းသားများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ချောင်းကောက် ကျေးရွာသို့ ယခုလိုလာရောက်ရသည်မှာ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လာရောက် ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေတို့အား ဒေသခံ ကျေးရွာသူ/သားများနှင့် တွေ့ဆုံဆွေးနွေးကာ မိမိတို့ ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် မြေပြင်ထိန်းအမှတ် သတ်မှတ်ထားရှိမည့် နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)