အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
မြန်မာနိုင်ငံတွင်းသို့ ပြည်ပမှ ပြန်လာသူ ၄ ဦးထံမှ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် အတည်ပြုရောဂါ ပိုးတွေ့ရှိပြီးနောက် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော် ခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သပြေနုအဆောင်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပိုစတာနှင့် ကာတွန်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းကစ၍
Dec 29,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၀)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Dec 29,2021
ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကြားနေသော ကျောင်းသား/သူများအား လွတ်လပ်ရေး နေ့အကြောင်း သိကောင်းစရာ အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့ နံနက်ပိုင်းတွင် အခဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Dec 29,2021
စစ်ကိုင်တိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအားကစားပြိင်ပွဲများကို ယခုလ ၂၇ရက်နေ့က စတင်ကျင်းပခဲ့သည်။
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထာင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်း အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။