အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ကော့သောင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်သည်။
Jan 26,2021
ကော့သောင်းမြို့နယ် စတုတ္ထအကြိမ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ငွေ များ မှန်ကန်စွာ ထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာ ထောက်ပံ့ရေးကြီးကြပ်ရေးအဖွဲ့များသို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာတွင် နွားအရေပြား အကျိတ်နာရောဂါ (Lumpy Skin Disease) ဖြစ်ပွားလျက်ရှိသော နွားများမှအခြားနွားများသို့ ကူးစက်ဖြစ်ပွားခြင်းမရှိပဲ ရောဂါပျောက်ကင်းလာပြီဖြစ်ကြောင်း ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးအောင်ထံမှ သိရသည်။
Jan 26,2021
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု ၊ ပိုးစာတောကျေးရွာနှင့် မသိမ်ကျေးရွာရှိ ထပ်တိုးတင်ပြထားသည့်ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 26,2021
သီးနှံကာကွယ်ရေးဆိုင်ရာ Plantwise TOT သင်တန်းကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက Online Virtual စနစ်ဖြင့် ပြုလုပ် သည်။
Jan 26,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဟိုပန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။