ထားဝယ်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ထားဝယ်  ဒီဇင်ဘာ ၂၉

ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကြားနေသော ကျောင်းသား/သူများအား လွတ်လပ်ရေး နေ့အကြောင်း သိကောင်းစရာ အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့ နံနက်ပိုင်းတွင် အခဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ ဖတ်ရှု လေ့လာနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့်မိန့်ခွန်း ကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဖိုလေးလုံးသောင်းကိုကို၏ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာနှင့် ကာတွန်း များဖြင့် ဝေဝေဆာဆာဖော်ပြပါ ရှိသော သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)