ဖောင်းပြင် ဒီဇင်ဘာ ၂၉
စစ်ကိုင်တိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအားကစားပြိင်ပွဲများကို ယခုလ ၂၇ရက်နေ့က စတင်ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ မီတာ(၁၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ မီတာ(၁၀၀)မီးထွန်းပြိုင်ပွဲ၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၁၀၀)အပ်နှဖားထိုး ပြိုင်ပွဲ၊ မီတာ(၁၀၀) အာလူးကောက်ပြိုင်ပွဲ၊ မီတာ(၅၀) ဂုန်နီအိတ်စွပ်ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပရာ Grade-6အဆင့်မှ Grade-10၊ Grade-11 ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။
အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)