ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ပင်းတယ ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံတွင်းသို့ ပြည်ပမှ ပြန်လာသူ ၄ ဦးထံမှ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် အတည်ပြုရောဂါ ပိုးတွေ့ရှိပြီးနောက် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော် ခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌၊ ယနေ့ နေ့လယ်ပိုင်း က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက်

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် စည်းကမ်းချက်များအား လိုက်နာကြရန်၊ မိမိတို့ နေအိမ်၌ ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများအနေနဲ့ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား မပျက်မကွက် လာရောက် ထိုးနှံကြရန်၊ မိမိကိုယ်တိုင်ကစ ကာကွယ်မှသာ၊ မိမိမှတစ်ဆင့် တခြားသူထံသို့ ကူးစက်မူ လျော့နည်းလာမှာဖြစ်ကြောင်း စသည်တို့အား Hand Speaker ဖြင့် ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်များတွင် လှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

ပင်းတယ (ဒေသပြန်/ဆက်)