အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ပြည့်မီရေးအတွက် အသက် ၁၈ နှစ် အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‎ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒေသခံပြည်သူ ၁၇၅ ဦး လာရောက်ထိုးနှံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 29,2021
 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာ များတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများနှင့် အခြေခံပညာ အထက်တန်းကျောင်းများရှိ အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇောင်ချမ်းကုန်း ကျေးရွာအုပ်စုတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်းကုန်း လမ်းမကြီးပေါ်ရှိ သခွပ်မြစ်တံတားသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူးအဖွဲ့(၁၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် သခွပ်မြစ်တံတားသစ်မှာ တည်ဆောက်မှုပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။
Dec 29,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်း က ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း များကို ဆောင်ရွက်ခဲ့ကြ သည်။
Dec 29,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌  (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို  အလယ်တန်းအဆင့်စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။