ကြို့ပင်ကောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကြို့ပင်ကောက် ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင် ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်၊ တို့များဆင်မြန်း လွတ်လပ်ရေး ပန်း(ကဗျာ)၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် နေ့က အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ဝန်ကြီးချုပ်ဦးနုမှ ပထမဆုံသော လွတ်လပ်ရေးနေ့အခမ်းအနားတွင်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်နှင့် ကာတွန်းတို့ကို ဝေဝေဆာဆာ ဖော်ပြထားကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၂၅၆) စောင်ကို ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ မြို့မဈေးအတွင်းမှ ဈေးရောင်းချနေသော ဈေးသည်များ ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)