Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပရေး ညှိနှိုင်းဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက်အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ မွန်လွဲ ၂ နာရီက ဆူးပဒေါင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နေအိမ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို အခမဲ့ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ (တတိယအကြိမ်) ပေးအပ်ပွဲကျင်းပ
Dec 29,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ ဟိုပန်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက် ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (တတိယအကြိမ်) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ၂၉.၁၂.၂၀၂၁ ရက်နေ့ နေ့လည်(၁:ဝဝ) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Dec 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအတွင်းရှိဘိုးဘွားများအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့၌ အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား Phase 5 Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဝေါမြို့နယ်ခန်းမတွင် ၂၈.၁၂.၂၀၂၁ ရက်နေ့နှင့် ၂၉.၁၂.၂၀၂၁ ရက်နေ့များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသူများအား Phase-5 ပထမအကြိမ် Sinovac ဆေးကို လည်းကောင်း၊ Phase-3, 4 ပထမအကြိမ် ဆေးထိုးပြီးသူများအား ဒုတိယအကြိမ် Sinopharm ဆေးကိုလည်းကောင်း တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိသည် ။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်
Dec 29,2021
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေး ဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့ နံနက် (၁၀)နာရီခွဲ တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23366
Page
23367
Page
23368
Page
23369
Current page
23370
Page
23371
Page
23372
Page
23373
Page
23374
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department