မိုင်းဖြတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် (၇၄)‌ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်ကျင်းပ

မိုင်းဖြတ်   ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းကစ၍ အခြေခံပညာအထက်တန်း (မိုင်းဖြတ်) ကျောင်းနှင့် အခြေခံပညာအထက်တန်း (ဟိုနား) ကျောင်းတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းအဆင့် ကျောင်းသား/သူများက ပူပေါင်းဖေါက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက် ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အလယ်တန်းနှင့်အထက်အဆင့် ကျောင်းသား များက သုံးချောင်းထောက်ပြိုင်ပွဲ၊ မီတာ ၂၀၀ အလွတ်ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများကို လည်း ကောင်း၊ ကျောင်းသူများက စကောရွက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ မီးထွန်းပြိုင်ပွဲ၊ ထုပ်ဆီးတိုး ပြိုင်ပွဲများ ကိုလည်းကောင်း အသီးသီးပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ထိုသို့ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများမှ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/သူများအား (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)