အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်း အားကစား ပြိုင်ပွဲများကို ပြုလုပ်ကျင်းပလျက်ရှိရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ များကို ယနေ့ နံနက်မှစ၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ လော်ခါးကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုအခက်အခဲများ မရှိစေရေးနှင့် ကျေးရွာအတွက် သောက်သုံးရေ လုံလောက်စွာရရှိစေရေး စိမ့်စမ်းရေထွက်နေရာနှင့် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၂၈ ရက်မှ စတင်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် ဒေသခံ ကျေးရွာလူထုက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နောင်ကတ်ကျေးရွာ၌ စိုက်ပျိုးရေး တောင်သူများသည် ပဲတိုင်ထောင်စိုက်ခင်းများ စိုက်ပျိုးကာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိလျက် ရှိကြောင်း သိရသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပဒါန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ငဖဲမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ/အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်းများ/ဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား အင်းစိန် မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဒီဇင်ဘာလ(၂၈)ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ(၁၂၉၁၂၂) ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ (၈၄၀၃၉)ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ကြီးကြပ်မှု ကော်မတီတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက် ရှိကြောင်း သိရသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံး ဝန်ထမ်းများ က ယနေ့နံနက် ၁၁ နာရီတွင် အခြေခံပညာ အထက်တန်းကျောင်း အထက(ကံမ)၌ ဖြန့်ဝေခဲ့သည်။