ငပုတော ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သပြေနုအဆောင်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပိုစတာနှင့် ကာတွန်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများသို့ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ် တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပန်းချီပြိုင်ပွဲတွင် အထက်တန်းဆင့် ပြိုင်ပွဲဝင် ၁၆ ဦး၊ အလယ်တန်းဆင့် ပြိုင်ပွဲဝင် ၁၇ ဦး နှင့် ပိုစတာနှင့် ကာတွန်းပြိုင်ပွဲဝင် အလယ်တန်းဆင့် ပြိုင်ပွဲဝင် ၂ ဦး စုစုပေါင်း ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။ ဆုရရှိကြသူများကို ဒီဇင်ဘာလကုန်တွင် ကြေညာပေး မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
နုနုအေး (ပြန်/ဆက်)