ဘားအံ ဒီဇင်ဘာ ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာ နိုင်ငံစာရေးဆရာအသင်း ဘားအံမြို့နယ် ဥက္ကဋ္ဌ ဆရာမ ဒေါ်ဆုလာဘ်နွယ်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပန်းတကာ့ပန်းတွင် လွတ်လပ်ရေးပန်းမှာ အလှဆုံးပန်းဖြစ်သည့် အတွက် အနာဂတ်လူငယ်များအနေဖြင့် လွတ်လပ်ရေးမဆုံးရှုံးစေရန် ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် ဘားအံမြို့နယ် စာရေးဆရာအသင်း အဖွဲ့ဝင်စောခေါင်စူး (ခလောက်နို့)က လွတ်လပ်ရေးကြေငြာစာတမ်းပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)