ငပုတော ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်၊ တို့များဆင်မြန်း လွတ်လပ်ရေးပန်း(ကဗျာ)၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဝန်ကြီးချုပ်ဦးနုမှ ပထမဆုံသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နုတ်ချက်နှင့် ကာတွန်းတို့ကို ဝေဝေဆာဆာ ဖော်ပြထားကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၂၅၆) စောင်ကို ငပုတောမြို့နယ်အ တွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နုနုအေး