ကျောက်ဆည်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အခြေခံပညာကျောင်းများတွင် အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများချီးမြှင့်

ကျောက်ဆည် ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အခြေခံပညာ ကျောင်းများ တွင် အားကစားပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက အမှတ်(၇) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းသား/သူများ ပူးပေါင်း ဆောင်ရွက်လိုစိတ် ရှိခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ ခန္ဓာကိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ စည်းလုံးညီညွှတ်မှုရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်း ဖြစ်သောကြောင့် ကျောင်းသား/သူများ အနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြစေရေး ရှင်းလင်း ပြောကြားခဲ့ပြီး မီတာ (၁၀၀) အပြေး၊ အိပ်စွပ်၊ အားလူးကောက်နှင့် ပူပေါင်းဖောက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရှိရသည်။

ပြိုင်ပွဲများအပြီးတွင် မီတာ(၁၀၀)အပြေး၊ အိပ်စွပ်၊ အားလူးကောက်နှင့် ပူပေါင်းဖောက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူမျာအား  ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)