Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြိတ်မြို့တွင် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
May 02,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပိုက်ကျော်ခြင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် T.S.D.P အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက မြိတ်ခရိုင် အားကစား ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
May 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့မဘောလုံးအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧက စိုက်ပျိုးပြီးစီး
May 02,2021
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်နှင့် ရင်းရှည်ဆည်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၁၁၅၀ ဧကလျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများ လက်ခံကုသပေးလျက်ရှိ
May 02,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၁၉ ရက်နေ့မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆေးရုံအုပ်ကြီး၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာမများဖြင့် နေ့စဉ် နေ့/ည (၂၄)နာရီဖွင့်လှစ်၍ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်ခံကုသပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့နယ်တွင် စီးပွားဖြစ်မွေးမြူလျက်ရှိသည့် ကဏန်းပျော့လုပ်ငန်းမှာ အထူးအောင်မြင်ပြီး ပြည်ပဈေးကွက်ထိတင်ပို့ရောင်းချ
May 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကွင်းအမှတ် ၄၆၈၊ သပြုတောင်ပေါ်ကွင်းတွင် ရေလှောင် ကန်များဖြင့် မွေးမြူထားရှိသည့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှာ အထူးအောင်မြင်ပြီး ယခုအခါ ၎င်းပင်လယ်စာ ရေထွက်ကုန်ကဏန်းပျော့ကို ပြည်ပဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ရောင်းချနေ ပြီဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင…
May 02,2021
ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်အအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ပန်းခင်း စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် နွေရာသီ (အခြေခံ ) အားကစားသင်တန်းဖွင့်လှစ်
May 02,2021
ပြင်ဦးလွင် မေ ၂ ၂၀၂၁ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် / မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဖွင့်လှစ်သည့် နွေရာသီ (အခြေခံ) အားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ( ၀၉:၃၀ ) နာရီက ပြင်ဦးလွင်ခရိုင်အားကစားခန်းမ(၁) ၌ ကျင်းပပြု လုပ်ရာ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ အားကာဆရာ/ဆရာမများ နှင့် သင်တန်းသား/သူများ ၊အားကစား နည်း အလိုက်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝါသနာရှင်ပြည်သူများတက်ရောက် ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ဘီလူးချောင်းသဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်
May 01,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုး ပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ ၊ ချောင်းများ နှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပထမအကြိမ် ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယမန်နေ့ နံနက် ၈:၀၀ နာရီတွင် လွိုင်ကော်မြို့နယ် ၊ သတ္တပလူကျေးရွာရှိ ဘီလူးချောင်း သဘာဝရေပြင်အတွင်းသို့ (၂)လက်မအရွယ်ရှိ ငါးခုံးမငါးသားပေါက်ကောင်ရေ (၁၀၀၀၀) နှင့် ရွှေဝါငါးကြင်းငါး သားပေါက်ကောင်ရေ (၄၀၀၀၀)တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23340
Page
23341
Page
23342
Page
23343
Current page
23344
Page
23345
Page
23346
Page
23347
Page
23348
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department