ရေနံချောင်း ဒီဇင်ဘာ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကား အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော ကန္နီစာချုပ်၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ လက်ျာ-ဖရီးမင်းစာချုပ်၊ နု-အက်တလီစာချုပ် စသည့် စာချုပ်များချုပ်ဆိုသည့် နေ့ရက် နေရာနှင့် လက်မှတ်ရေးထိုးသည့် ခေါင်းဆောင်အမည်များ၊ နိုင်ငံခေါင်းဆောင်ကြီးများပြောကြားသည့် လွတ်လပ်ရေးနေ့ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဆောင်ပုဒ်များ၊ ဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် တို့များဆင်မြန်း လွတ်လပ် ပန်းကဗျာ၊ ကာတွန်းစသည့် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာပေးစာသားများပါဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)