သာယာဝတီမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

သာယာဝတီ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီက လူကုန်ကူးမူ တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂၀) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၂) သာယာဝတီမှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဥက္ကာဇင်က လူကုန်ကူးမှုမခံရစေရေး၊ တစ်ဖက်နိုင်ငံ၏ဥပဒေများအား သိရှိလိုက်နာ ကြစေရေး၊ အခြားမလိုလားအပ်သောပြဿနာများ မဖြစ်စေရေးတို့အား အကျယ်တဝံ့ အသိပညာပေး ဟောပြောခဲ့​သည်။

အခမ်းအနားသို့  အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောက်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

သန့်ဇော်