ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲပြုလုပ်

ဟိုပုံး   ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထာက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးမှ ဟိုပုံးမြို့နယ်အတွင်းရှိ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာ တစ်ခုရရှိစေရန်၊  ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန်၊ တစ်ပိုင်တစ်နိုင် အသက်မွေး ပညာရပ်များဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ ဒေသတွင်းကျွမ်းကျင် လုပ်သားရှားပါးမှုများ လျော့နည်းလာပြီး ကျေးလက်နေ ပြည်သူများ၏ အသိပညာဗဟုသုတများ တိုးတက်မြင့်မားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်း လျှော့ချရန် စသည်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခြေခံမော်တော် ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းတွင် ဆုရရှိသော သင်တန်းသားများအားဆုများကို ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးထျာရယ်နှင့် သင်တန်းနည်းပြဆရာတို့က ပထမဆု၊ ဒုတိယဆု၊  တတိယဆု၊ ဆိုင်ကယ်ပြင်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်တို့ကို သင်တန်းသားများအား အသီးသီး ပေးအပ်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား ဦးဖိုးကုလားမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၀) ရက်နေ့အထိ သင်တန်းဖွင့်လှစ် ပို့ချသင်ကြားပေးခဲ့ကြကြောင်း သိရသည်။

ဟိုပုံး(ပြန်/ဆက်)