အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယစီးမှူးဒေါ်၀င်းအိမွန်နှင့် ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ​စောင်များအား မြို့လမ်းဆုံ၊ လမ်းမဖြတ်သန်းသွားလာသူပြည်သူများ၊ လက်ဖက်ရည်ဆိုင်နှင့်​ စျေးဆိုင်ခန်းများရှိ ပြည်သူ့များထံ သွားရောက်ဖြန့်ဝေပေးခဲ့သည်။          
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက လှိုင်သာယာ (အနောက်ပိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)၊ အထက(၃)၊ အထက(၇)၊ အထက(၈)၊ အထက(၁၉)၊ အထက(၁၂)အပြင်ပဒံ၊ ထခွဲလ(၁၈)တို့ တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်အမှတ် (၄၁/၂၀၂၁)အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ လမ်းသွားလမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီက လူကုန်ကူးမူ တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 30,2021
တရုတ်နိုင်ငံမှ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်သို့ လှူဒါန်းထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ယနေ့ နံနက်ပိုင်းက ရုံးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ နှင့် နောင်မိုကျေးရွာအုပ်စု၊ နောင်အွန်​ခန်းမတို့၌ ပဉ္စမအသုတ်(ပထမအကြိမ်) အဖြစ် ဆေးထိုးရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက်  ဒေသခံပြည်သူများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထာက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။