သရက်ချောင်း ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် လူမှု၀န်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှု၀န်ထမ်းစီးဌာန၊ သရက်ချောင်းမူလတန်း ကြိုကျောင်းတွင် အားကစားပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပ အခမ်းအနားတွင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာ၀န်ထမ်းများက ကလေးများကို အားပေးစကားပြောကြားပြီး(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲဖြင့် အရုပ်ဆက်ခြင်း၊ ကွမ်းသီးကောက်ခြင်း၊ သံပရာသီးဇွန်းကိုက်ခြင်း၊ ဖိနပ်စီး ပြေးပြိုင်ခြင်း၊ လွယ်အိတ်လွယ်ပြေးခြင်း၊ မုန့်ကိုက်ပြိုင်ပွဲများအသီးသီးကျင်းပခဲ့ကြောင်း သိရသည်။
အေးနွယ်၀င်း