အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ အသက်(၁၆) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
Dec 30,2021
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဒီဇင်ဘာ (၂၈)ရက် ညနေ(၃)နာရီခွဲ က စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသော တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းအား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေသော ကျားခေါင်းလမ်း၊ တြိဂံကျွန်းမှ ဗိုလ်ချုပ်လမ်း စူဠာမုနိဘုရားအနီး BOC အထိ လမ်းနယ် တိုးချဲ့ခြင်းလုပ်ငန်း၊ ကတ္တရာ(၄၈)ပေ အကျယ်ခင်းခြင်းလုပ်ငန်း၊ ရေမြောင်းနှင့် ရေမြောင်းဖုံး ပလက်ဖောင်းပြုလုပ်ခြင်း လုပ်ငန်းများကို တာဝန် ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကတ္တရာ ခင်းနေမှုနှင့် ခင်းပြီးသားလမ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
Dec 30,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Dec 30,2021
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကား အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် လူမှု၀န်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှု၀န်ထမ်းစီးဌာန၊ သရက်ချောင်းမူလတန်း ကြိုကျောင်းတွင် အားကစားပြိုင်ပွဲကို  ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် ၁၈ နှစ်အထက် (ဒုတိယအကြိမ်) ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ပြည်သူ စုစုပေါင်း (၁၉၃) ဦးကို မြန်မာတာဝန်ရှိသူတို့က ယနေ့နေ့လယ် ၁၁ နာရီခွဲက မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လက်ခံခဲ့ကြောင်း သိရသည်။
Dec 30,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခွင်ကြည်နှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို)တွင် ပညာသင်ကြားနေသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား သွားရောက်ဖြန့်ဝေ ပေးခဲ့သည်။