အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အသက်(၆၅)နှစ် အထက်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 12,2021
          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးခြင်းကို ဆေးသူနာပြုများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး ကူညီမှုအသင်းအဖွဲ့များ စုပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂)ရပ်ကွက် အ.ထ.က (ဝမ်နတ်)ကျောင်းစုရပ်၌ ကျိုင်းလပ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် ၆၅ နှစ်အထက် ပြည်သူများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 12,2021
          ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သန်းထိုက်တို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
Mar 11,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 11,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
Mar 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမြတ်သူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ စုရပ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။