အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပျော်ရွင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်တွင် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများကို ယ​နေ့ နံနက်ပိုင်းကစ၍ မြို့နယ်အတွင်းရှိ အ​​ခြေခံပညာ ကျောင်းတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း အရေးပေါ် မီးလောင်မှု ဖြစ်ပွားပါက ရေအလွယ်အကူရရှိနိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအသိ၊ သတိရှိစေ​​ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းတာ၀န်ခံ ဦးတင်မောင်ထွေးနှင့် တပ်ဖွဲ့၀င်‌(၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ညိုတို့ ဦးဆောင်၍ ရပ်ကွက်နေ လုပ်သားပြည်သူများအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
Dec 30,2021
ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အသက်(၂၅)နှစ် အောက်အမျိုးသမီးဘောလုံးအသင်းအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေ၊ အားပေးစကားပြောကြားနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့နံနက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
Dec 30,2021
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ် ဥပဒေချုပ် ဦးကြည်မြိုင်၊ ကယားပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
Dec 30,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုပြင်းထန်သည့် ကာလအတွင်း ခေတ္တရပ်ဆိုင်းထားရသည့်မိုဘိုင်း စာကြည့်တိုက်စာငှား စနစ်ဖြင့်ဆောင်ရွက်ပေးခြင်းကိုမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်ယနေ့ နံနက်ပိုင်းကစတင်ကာ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းကျောင်းနှင့် စက်မှုကြီးကြပ်ရေး ဦးစီးဌာနရုံးတို့တွင် စာအုပ်၊ စာစောင်များငှားရမ်းခြင်းနှင့် ကိုဗစ်-၁၉အသိပညာပေး လုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
Dec 30,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။