အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ကောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ဆောင် ဆောက်လုပ် လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကာလအတွင်း တာဝန်ခံဆရာဝန်နှင့် သူနာပြုဆရာမများ မရှိသဖြင့် ပြည်သူ့ဆေးရုံအား လတ်တလောတွင် ခေတ္တဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း(၆)ဦးတို့ဖြင့် ပြည်သူများ အဆင်ပြေစေရန် တစ်ပတ်လျှင် နှစ်ရက်သာ ဖွင့်လှစ်ပေး၍ ဆေးကုသပေးနေလျက်ရှိသည်။
Mar 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Mar 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ မတ် ၁၆ ရက်နေ့က ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Mar 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 15,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း နိုင်ငံရပ်ခြား၌ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့ကြရာ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ကချင်ပြည်နယ်အတွင်းမှ ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက် ၈ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တွေ့ဆုံအားပေးသည်။
Mar 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ စုရပ်၌ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်သား ဆရာဝန်များ၊ ဆေးမှူးများနှင့် သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVIDSHIELD) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
Mar 14,2021
နိုင်ငံတကာပင်လယ်ကူးသင်္ဘောများပေါ်တွင်တာဝန်ထမ်းဆောင်မည့် သင်္ဘောသားများအား ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်သည့်လုပ်ငန်းများပုံမှန် ဆောင်ရွက်လျှက်ရှိရာ MV.MELATI SATU သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် ကပ္ပတိန် ဦးကျော်မြတ်နွယ် ပါ သင်္ဘောသား(၂၅)ဦး ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့မ ဆိပ်ကမ်းမှတဆင့် တာဝန်ထမ်းဆောင်မည့် သင်္ဘောရှိရာသို့ ထွက်ခွာသွားကြောင်းကြသိရရသည်။