ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ဇီးကုန်း ဒီဇင်ဘာ ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ အသက်(၁၆) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး၏ ဦးဆောင်စီမံခန့်ခွဲမှုဖြင့် ဝန်ထမ်းများအားအဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများသို့ သွားရောက်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အထက(ဇီးကုန်း)မှ ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး၊ အထက(လေးမျက်နှာ)မှ (၅၁)ဦး၊ အထက(ဂွေးပင်ကုန်)မှ (၂၆)ဦး၊ အထက(မယင်း)မှ (၁၅)ဦး၊ အထက(ကံကြီး)မှ (၃၅)ဦးတို့အား စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၄၉)ခုကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၁၈၈၃)ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း (၄၄၄) စုအား ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)