ပဲခူးမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

ပဲခူး ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ အမျိုးသား ညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက (နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နှုတ်ချက်များ)၊ စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်းလွတ်လပ်ပန်း(ကဗျာ)၊ ကမ္ဘာတည်သ၍ မြန်မာ့လွတ်လပ်ရေးတည်တံ့ ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း လွတ်လပ်ရေးနေ့ အသိပညာပေးကာတွန်းနှင့် ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)