ချောက် ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယစီးမှူးဒေါ်၀င်းအိမွန်နှင့် ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မြို့လမ်းဆုံ၊ လမ်းမဖြတ်သန်းသွားလာသူပြည်သူများ၊ လက်ဖက်ရည်ဆိုင်နှင့် စျေးဆိုင်ခန်းများရှိ ပြည်သူ့များထံ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦတည်ချက်(၄)ရပ်၊ ၁၉၄၆ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နေ့တွင် အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းမှကောက်နုတ်ချက် "အမျိုးသား ညီညွတ်ရေး"၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်း အနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်ဖြစ်သော"လွတ်လပ်ရေးကိုကာကွယ်ရမယ်"နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လ ပြည့်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များနှင့် "တို့များဆင်မြန်းလွတ်လပ်ပန်း"ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များအား ဝေဝေဆာဆာထည့် သွင်းဖော်ပြထားကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)