လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လက်ဆက်ထိုးနှံ

လှိုင်သာယာ(အနောက်ပိုင်း)၊ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက လှိုင်သာယာ (အနောက်ပိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)၊ အထက(၃)၊ အထက(၇)၊ အထက(၈)၊ အထက(၁၉)၊ အထက(၁၂)အပြင်ပဒံ၊ ထခွဲလ(၁၈)တို့ တွင်  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူ စုစု‌ပေါင်း (၁၄၃၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း၊ ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဝေဝေ (ပြန်/ဆက်)