ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show အစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန ကြည့်မြင်တိုင်မြို့နယ်ရုံးတွင် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show အစီအစဉ်တွင် စာရေးဆရာမ ဒေါ်တင့်တယ်ခင်မှ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော် ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့အင်္ဂလိပ်တို့ အနေဖြင့် မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက် သဘာဝအရင်းအမြစ် သယံဇာတများကို မတရား ရယူလိုစိတ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ပုံ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့် လူတန်းစား အလွှာပေါင်းစုံတို့မှ သူ့ကျွန်မခံလိုသော စိတ်ဖြင့် ရွံ့ရွံ့ချွံချွံ နယ်ချဲ့အင်္ဂလိပ်အား တွန်းလှန် တိုက်ခိုက်ခဲ့ပုံ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ လွတ်လပ်ရေး ရယူပေးခဲ့ပုံများ အကြောင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)